Developer ပဲဖြစ်ဖြစ်၊ Designer ပဲဖြစ်ဖြစ် Web App တစ်ခုရေးတဲ့ထဲ ပါပြီဆိုရင် Web Design ကတော့ အနည်းနဲ့အများ ထိကြရတာပါပဲ။ Firefox browser မှာ web application development အတွက် အထောက်အကူပြုတဲ့ extension (သို့) add-on တွေ တော်တော်များများရှိပါတယ်။ အဲ့ဒါတွေထဲက ရိုးရှင်းပြီး အသုံးဝင်တဲ့ add-onတစ်ခုက
MeasureIt ဆိုတဲ့ ပေတံလေးပါ။ Page တခုလုံးပဲဖြစ်ဖြစ်၊ တစိတ်တပိုင်းပဲဖြစ်ဖြစ် width နဲ့ height အတိအကျထွက်အောင် တိုင်းပေးနိုင်ပါတယ်။ Desinger တွေအတွက် အင်မတန်အသုံးဝင်မရှိမဖြစ်တစ်ခုပါ။ သူ့ရဲ့ functionလေးက ရှင်းရှင်းလေးနဲ့ သုံးရတာ လွယ်ကူပါတယ်။
ဒါပေမဲ့ ဖြစ်တတ်တဲ့ တွေ့တတ်တဲ့ ပြဿနာက.. Install လုပ်ပြီးရင် browserရဲ့ ဘယ်နားမှာမှ Icon ကပေါ်မလာဘူး။ Icon ကိုနှိပ်ပြီးမှ ပေတံကတိုင်းလို့ရမှာကိုး။ အခုသူ့ကို မမြင်ရဘူးဆိုတော့ ဘယ်လိုသုံးရမှန်းမသိ.. သုံးလို့မရဖြစ်ရော..။ ကိုယ်install လုပ်လိုက်တာပဲ အဆင်မပြေသလိုလို.. သွင်းထားပြီးသား Add-ons တွေမှာသွားရှာတော့လဲ MeasureIt က ခန့်ခန့်ကြီးရှိနေတယ်။ browser ကို restart ထပ်လုပ်လဲ မထူးဘူး။ ဘာမှမဟုတ်ဘဲ ဦးနှောက်ခြောက်ရတဲ့ကိစ္စတွေထဲမှာ ဒါလဲပါပါတယ်။
ဒီတော့..ထုံးစံအတိုင်း ဆြာကြီးဂူဂဲကို မေးရတာပေါ့။ သူများတွေ share ထားတဲ့ solutionsလေးတွေ လိုက်စမ်းနဲ့ အဆင်ပြေသွားတဲ့တစ်ခုက်ု ပြန်shareပေးလိုက်ပါတယ်။ ဒီနည်းကတော့ measureIt မှဟုတ်ဘူး တခြားဘယ် iconပဲဖြစ်ဖြစ် သုံးလို့ရပါတယ်။
၁။ browser menu က "View" -> "Toolsbar" ကိုသွားပါ
၂။ "Customize" ကို နှိပ်ပါ
၃။ Pop-up window လေးတစ်ခုပေါ်လာပြီး အထဲမှာ icon လေးတွေတွေ့ရပါလိမ့်မယ်။
၎။ ကိုယ် ပေါ်စေချင်တဲ့ icon ကိုရှာပါ။ (အခုcaseမှာတော့ measureIt ပေါ့)
၅။ တွေ့ရင် Browser ရဲ့ toolbar ပေါ်ကို အဲ့ဒိ icon လေးကို Drag and Drop လုပ်လိုက်ရုံပါပဲ
၆။ အိုကေစိုပြေသွားပါပြီ :)