Thursday, February 21, 2013

မီး...မီး


ခုနပဲ 7Days က "ထိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှု မဖြစ်စေရန် ဓာတ်ငွေ့ပေးပို့ရေးကိစ္စ မြန်မာက ထိုင်းအား ကူညီ" ဆိုတဲ့ သတင်းကို ဖတ်ဖြစ်တယ်။
မေမေတို့နဲ့ ဖုန်းပြောတော့ နွေရာက်တော့မယ်ဆိုတော့ မီးတွေက စပြတ်နေပြီပြောတယ်။ ကိုယ့်ဟာကိုယ်တောင် ရပ်ကွက်စေ့မီးမပေးနိုင်ဘဲနဲ့ ဒီလိုသတင်းမျိုးကြားရင် အလိုလိုနေရင်း ဒေါသထွက်ချင်လာတယ် :|
နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့လိုအပ်တဲ့အရာတွေထဲမှာ တစ်ခုကိုပဲရွေးရမယ်ဆိုရင် လျှပ်စစ်မီးပဲလို့ ထင်ပါတယ်။ တခြား infrastructure တွေဖြစ်တဲ့ လမ်းတံတား၊ ဆက်သွယ်ရေး၊ ရေ၊ အစားအစာ ဒါတွေအားလုံးဟာလဲ လျှပ်စစ်အကူအညီရရင် ပိုမိုလျှင်မြန်ဖြစ်ထွန်းပါတယ်။ ငြိမ်းချမ်းသာယာတဲ့နိုင်ငံဖြစ်ဖို့ဆိုရင်လဲ မှောင်ရိပ်ဖုံးနေတဲ့ လမ်းတွေ၊အိမ်တွေက ဒုစရိုက်မှုတွေကို တွန်းအားပေးတယ်ဆိုတာကိုလဲ ထည့်တွက်သင့်တယ်။ အခုနိုင်ငံအတွက် အစိုးရကလုပ်နေတဲ့ project တွေထဲမှာ တနိုင်ငံလုံးမီးအလုံအလောက်ပေးနိုင်ရေးproject ပါရဲ့လားတွေးမိတယ်။ ပါခဲ့ရင်လဲ Top Priority ထဲမှာပါဖို့ ဆုတောင်းမိတယ်..

0 comments:

Post a Comment