Monday, February 8, 2016

အ​တွေး​တွေထဲမှာ တ​ယောက်​တည်း စကားအပြန်​အလှန်​​ပြောခြင်း

တရား​ထိုင်​ရင်းနဲ့ ကိုယ့်​စိတ်​ကို ပြန်​လည်​စမ်းစစ်​တဲ့အခါ သိလာရတာက ငါဟာ တ​ယောက်​တည်း အ​တွေးထဲမှာ ​တော်​​တော်​စကား​ပြောတာပဲ။ အရင်​က ဒီအကျင့်​မျိုးမရှိဘူး။ လွန်​ခဲ့တဲ့ နှစ်​နှစ်​​လောက်​မှ စရှိလာတယ်​ထင်​တယ်​။ ဘာလို့အဲ့လိုဖြစ်​ရလဲ ပြန်​ဆင်​ခြင်​ကြည့်​​တော့ ထွက်​လာတဲ့အ​ဖြေက သနားစရာ​တော်​​တော်​​ကောင်းတယ်​။ စကား​ပြော​ဖော်​မရှိလို့တဲ့...

ဖတ်​ထားတဲ့၊ ကြည့်​ထားတဲ့၊ သိထားတဲ့ အရာ​လေး​တွေကို ​ပြောဆို​ဆွေး​နွေးချင်​တဲ့အခါ ​ပြော​စရာလူမရှိပါလား ငါ့ဘဝမှာ။ ​အတူတူ​နေတဲ့လူ​တွေ၊ ​ပေါင်းသင်း​နေ​တဲ့လူ​တွေ​တော့ရှိပါတယ်​။ စိတ်​ဝင်​စား​တာ​လေး​တွေ ​​ပြောဖို့လူ မရှိဘူး။

စင်​ကာပူမှာတုန်းက​တော့ တ​ယောက်​တည်း​နေခဲ့ဖြစ်​လို့်​။ ရန်​ကုန်​ပြန်​​ရောက်​​တော့လဲ မထူးပါဘူး။
စိတ်​ထဲရှိတာ​လေး​တွေ​ပြော​ဖော်​​ပြောဖက်​ ရင်​ဖွင့်​ဖက်​ ခင်​ပွန်းသည်​ကလဲ အလုပ်​များတာမှ မနက်​​စော​စောနဲ့ ည​လေးခဏပဲ ​တွေ့ရတယ်​။ သူငယ်​ချင်း​တွေကလဲ အလုပ်​ကိုယ်​စီနဲ့ တပတ်​တခါ​တောင်​ မ​တွေ့နိုင်​။ အတူတူ​နေတဲ့ ​ယောက္ခမမိဘဆိုတာကလဲ လူကြီး​တွေဆို​တော့ ​ပြောချင်​တဲ့ အ​ကြောင်းအရာတိုင်း ​ပြောလို့မ​ကောင်း။ အဲ့လိုနဲ့ပဲ ကိုယ့်​သာသာ တ​ယောက်​တည်းစကား​ပြောတဲ့လူဖြစ်​မှန်းမသိ ဖြစ်​လာတယ်​။

ဥပမာ .. ဟိုတ​လောကကြည့်​ရတဲ့ စိတ္တဇလူသတ်​ကားမှာ​ပြောတယ်​။ လူတ​ယောက်​ရဲ့ soul or mindset ဟာ အသက်​ ၇နှစ်​နဲ့ ၁၀နှစ်​အတွင်းမှာ fully defined ဖြစ်​တယ်​တဲ့။ အဲ့ဒိအချိန်​အတွင်းမှာ က​လေးရဲ့ ပတ်​ဝန်းကျင်​ နဲ့ သူ့အနီးကလူ​တွေဟာ ဒီက​လေးရဲ့ စိတ်​ထားနဲ့ character အ​ပေါ်မှာ အလွမ်းမိုးဆုံးပဲ။ က​လေးတ​ယောက်​ဟာ လူ​ကောင်း၊လူဆိုး ဖြစ်​လာမလားဆိုတာကို​တောင်​ ဆုံးဖြတ်​​ပေးသွားနိုင်​တဲ့အချိန်​လို့ ​ပြောလို့ရတယ်​ ဆိုပါတယ်​။

အဲ့​တော့ ကိုယ်​ကစဉ်​စားတယ်​။ မှန်​နိုင်​သ​လောက်​မှန်​​ပေမယ့်​ လုံးဝကြီး​တော့ မဟုတ်​ဘူးလို့။ ဘဝကိုပြန်​ကြည့်​ရင်​ အသက်​၁၀နှစ်​က စန္ဒီက အခုစန္ဒီ မဟုတ်​ပါဘူး။ အဲ့တုန်းက စိတ်​လဲ အင်​မတန်​​ကောက်​တယ်​။ သူများကိုနားလည်​​ပေးတာလဲ သိပ်​မရှိဘူး။ ဒီ soul defined period ​လေးဟာ အ​ရေးကြီး​ပေမယ့်​ လူတ​ယောက်​ဟာ အချိန်​မ​ရွေး ​ပြောင်းလဲနိုင်​တယ်​လို့ ယုံကြည်​တာပဲ​လေ

အဲ့ဒါမျိုး​တွေ​ပေါ့။ ခုနလို ဘာမှ​တော့မဟုတ်​ဘူး ဒါ​ပေမယ့်​ ​ပြောချင်​​ဆွေး​နွေးချင်​တဲ့အခါ အနားမှာ ဘယ်​သူမှ မရှိ​ပေဘူး။ ​ပြောကလဲ​ပြောချင်​ဆို​တော့ အသံတိတ်​ စိတ်​ထဲမှာပဲ အ​တွေးထဲမှာပဲ ကိုယ့်​ကိုယ်​ကို ပြန်​​ပြောဖြစ်​ဖြစ်​သွားတယ်​။ တရားထိုင်​မိလို့ ဒီလိုဖြစ်​​နေတာကို သိသွားလို့​တော်​​သေးတယ်​။ ကြာရင်​ စိုးရိမ်​ရမယ်​ ထင်​တယ်​။

စိုးရိမ်​စရာ​ကောင်းတဲ့ ဒီအကျင့်​ကို ပြုပြင်​ဖို့ရာ စာ​ရေးပါမယ်​။ အိမ်​က​နေလုပ်​ရတဲ့အလုပ်​မဟုတ်​ပဲ အပြင်​ထွက်​ရုံးတက်​ပြီး အလုပ်​လုပ်​ရတဲ့ တခုတခုလုပ်​ပါမယ်​။ စကား​ပြော​ဖော်​ရ​အောင်​ အွန်​လိုင်းမှာ မိတ်​​ဆွေဖွဲ့ရင်​​​ကော ​ကောင်းမလား။ အခုက သိပ်​ကို isolated ဖြစ်​​နေတယ်​ ခံစားရတယ်​။ I seriously need go out more and need new people.

0 comments:

Post a Comment